Toptube Video Search Engine



Title:ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် (၁၄) မြို့နယ်အထိရှိလာ - Digital First
Duration:02:20
Viewed:13,263
Published:02-07-2024
Source:Youtube

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ ပူးပေါင်းပါဝင်လာတဲ့ မြို့နယ် ၁၄ ခုအထိရှိလာ #dvbtvnews #digitalfirst ဇွန်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် သံဃာတော်တွေက စစ်ကောင်စီအပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို စတင်ခဲ့ကြပြီးနောက် ဇူလိုင်လ ၁ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ ရဟန်းသံဃာတွေ ကံဆောင်သပိတ် ပြုထားတဲ့မြို့နယ် စုစုပေါင်း ၁၄ မြို့နယ်အထိ ရှိလာပါတယ်။ စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ စတဲ့ မြို့နယ် ၁၀ ခု၊ မကွေးတိုင်းထဲက မြိုင်၊ ပခုက္ကူ၊ ပေါက် ၃ မြို့နယ်နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တို့က သံဃာတော်တွေ ပူးပေါင်း ပါဝင်ခဲ့တာကြောင့် ၁၄ မြို့နယ်အထိ ရှိလာတာပါ။ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေက ရဟန်းသံဃာတွေလည်း ကံဆောင်သပိတ်မှာ တရားဝင်ပါဝင်ဖို့ ဆန္ဒရှိကြပေမယ့် စစ်ကောင်စီက ရန်ပြုလာနိုင်တာကြောင့် သပိတ်မှာ တရားဝင်ပူးပေါင်းဖို့ အခက်အခဲရှိနေကြပါတယ်။ #ကနေဦးသတင်း #myanmar Download the DVB Mobile App: Android - https://bit.ly/dvbmobile IOS - https://bit.ly/dvbapple Support DVB - https://burmese.dvb.no/membership Subscribe - https://youtube.com/dvbtvnews Follow - https://t.me/dvbtvnews



SHARE TO YOUR FRIENDS


Download Server 1


DOWNLOAD MP4

Download Server 2


DOWNLOAD MP4

Alternative Download :