Toptube Video Search Engine



Title:TNLA ဖမ်းဆီးမှုက ပြန်လွတ်လာသူရဲ့ ကိုယ်တွေ့ပြောပြချက် - BBC News မြန်မာ
Duration:20:57
Viewed:1,757,326
Published:14-12-2020
Source:Youtube

"ကျွန်မက ဒီလောက် သိန်းသုံးရာကျော်ပေးနိုင်တာ မူးယစ်ဆေးဝါးရောင်းလို့ဆိုပြီးပြောတော့ ကျွန်မမှာ နှစ်ခါနာရတယ်။ မူးယစ်ဆေးဝါးဆို ကိုယ်လည်းမုန်းတယ်" တရားမဝင်စီးပွားရေးလုပ်ကိုင်တယ်ဆိုတဲ့အချက်ကြောင့် တအာန်းလက်နက်ကိုင်အဖွဲ့ TNLA က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ဖမ်းဆီးသွားခဲ့ပြီး ငွေကြေး ကျပ်သိန်း ၃၄၀ နဲ့ မိသားစုက ပြန်ရွေးပြီးနောက် အောက်တိုဘာ ၂၆ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ မိုးကုတ်မြို့ခံ ဒေါ်ခင်မြင့်ဌေးရဲ့ မိခင်ဖြစ်သူဟာ ဒီဇင်ဘာ ၄ ရက်နေ့က ဆုံးပါးသွားခဲ့ပါတယ်။ ဖမ်းဆီးခံရမှုကြောင့် ဒေါ်ခင်မြင့်ဌေးဟာလည်း စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဒုက္ခတွေကိုကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ TNLA ကတော့ ဒေါ်ခင်မြင့်ဌေးဟာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းလုပ်ကိုင်တာကြောင့် ခုလိုဖမ်းဆီးအရေးယူတာလို့ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောကြားထားပါတယ်။ TNLA လက်ထဲက ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်ခင်မြင့်ဌေး သူဘယ်လိုဖမ်းဆီးခံခဲ့ရတယ်၊ ဘယ်လိုပြန်လည်လွတ်မြောက်လာခဲ့လဲ။ TNLA က သူ့ကို ဖမ်းဆီးထားစဉ်မှာ ဘယ်လိုဆက်ဆံခဲ့ပါသလဲ။ အကြောင်းစုံကို ဒေါ်ခင်မြင့်ဌေးကို ဘီဘီစီအကြီးတန်းသတင်းထောက် မအေးသူစံက အွန်လိုင်းဗီဒီယိုကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း - အေးသူစံ၊ တည်းဖြတ် - ဝင်းကျော်သူ ဘီဘီစီမြန်မာပိုင်း



SHARE TO YOUR FRIENDS


Download Server 1


DOWNLOAD MP4

Download Server 2


DOWNLOAD MP4

Alternative Download :