Toptube Video Search Engine



Title:ဝက်သားပေါင်း
Duration:04:12
Viewed:13,639
Published:29-04-2020
Source:Youtube

အနံ့အရသာပြည့်စုံလွန်းသော အသားပေါင်း Stay at Home, Show your Cooking Skill! အခုတခါကတော့ အားလဲရှိမယ် စားလို့လဲကောင်းမယ်။ ဆိုင်ကအတိုင်းပဲ အနံ့အရသာအလွန်ကို ပြည့်စုံလွန်းတဲ့ အသားပေါင်းလုပ်နည်းကို လုပ်ပြမှာပါ။ အိစံတို့ တအိမ်လုံးကတော့ အလွန်ကိုကြိုက်နှစ်သက်ကြပါတယ်။ အားလုံးလဲ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ပါဝင်သောပစ္စည်းများ ၁။ တောက်တောက်စဥ်းထားသော ဝက်သား/ကြက်သား - ၂၅ ကျပ်သား ၂။ ကြက်ဥ - ၃ လုံး ၃။ ကြက်သွန်ဖြူ - ၂ မွှာ ၄။ ဂျင်း - လက်တဆစ် ၅။ ကြက်သွန်နီ (အသေး) ၂ လုံး (သို့) တောက်တောက်စဥ်းထားသော ကြက်သွန်နီ - ထမင်းစားဇွန်း ၈ ဇွန်း ၆။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဝက် ၇။ ကြက်သားမှုန့် -လက်ဖက်ရည်ဇွန်း တဝက် ၈။ ကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း ၉။ ပဲငံပြာရည်အကြည် (အကျဲ) - ထမင်းစားဇွန်း ၂ ဇွန်း ၁၀။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း ၁၁။ ဟင်းချက်ဆန်ဝိုင် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၁၂။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ ၁၃။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml) (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)



SHARE TO YOUR FRIENDS


Download Server 1


DOWNLOAD MP4

Download Server 2


DOWNLOAD MP4

Alternative Download :