Toptube Video Search Engine



Title:''သခင်မြ၊ ဦးရာဇတ်နဲ့ရဲဘော်ကိုထွေးတို့မကျဆုံးမီနာရီပိုင်းအလိုကကြုံခဲ့ရသော အမှတ်တရဖြစ်ရပ်များ''
Duration:07:10
Viewed:1,564
Published:18-07-2023
Source:Youtube

#Special_Report ◾ ''သခင်မြ၊ ဦးရာဇတ်နဲ့ရဲဘော်ကိုထွေးတို့မကျဆုံးမီနာရီပိုင်းအလိုကကြုံခဲ့ရသော အမှတ်တရဖြစ်ရပ်များ'' မြန်မာနိုင်ငံမှာ အထိမ်းအမှတ်နေ့တွေများစွာရှိတဲ့အထဲမှာ ဇူလိုင် ၁၉ ရက်ဟာ နိုင်ငံသူနိုင်ငံသားတိုင်း မှတ်မှတ်ရရ ရှိတဲ့နေ့ပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အဆင့်အောက်မေ့ဖွယ့်အခမ်းအနားတွေကျင်းပလာခဲ့တာ (၇၆) နှစ်မြောက် ရှိပြီဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀ နာရီခန့်မှာ ရန်ကုန်မြို့ရှိအတွင်းဝန်ရုံး(ဝန်ကြီးများရုံး) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပြန်ကြားရေးဝန်ကြီး ဦးဘချို၊ အလုပ်သမား‌ရေးရာဝန်ကြီး မန်းဘခိုင်၊ စီးပွားရေးနဲ့ထောက်ပံ့ရေးဌာနဝန်ကြီး ဦးဘဝင်း၊ ပြည်ထဲရေးဝန်ကြီး သခင်မြ၊ ပညာရေးနဲ့အမျိုးသားစီမံကိန်းဌာနဝန်ကြီး ဦးရာဇတ်၊ နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ သယ်ယူပို့ဆောင်ရေးနဲ့လမ်းပန်းဆက်သွယ်ရေးအတွင်းဝန်ဦးအုန်းမောင်နဲ့ ဦးရာဇတ်ရဲ့သက်တော်စောင့် ရဲဘော်ကိုထွေးတို့ အစည်းအဝေးပြုလုပ်နေစဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်ကိုးဦးမကျဆုံးမီ သခင်မြ၊ ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ရဲ့ မိသားစုဝင်တွေကတော့ အဲဒီနေ့က နေအိမ်ကထွက်ခွာချိန်မှာ ထူးခြားမှုရှိခဲ့တဲ့အကြောင်းတွေကို ပြောပြထားတာနဲ့ပတ်သက်ပြီး ဒီကနေ့(၇၆) နှစ်မြောက် အာဇာနည်နေ့အတွက် ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။ #19_July #thestandardtimetv #စံတော်ချိန်သတင်းဌာန Facebook Page - https://cb.run/XYtn Telegram - https://cb.run/e3Ok Viber - https://cb.run/WnV5



SHARE TO YOUR FRIENDS


Download Server 1


DOWNLOAD MP4

Download Server 2


DOWNLOAD MP4

Alternative Download :