Toptube Video Search Engine



Title:Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Duration:07:29
Viewed:846,606
Published:02-07-2024
Source:Youtube

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မန္တလေးတိုင်းက မတ္တရာ မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်းပေါင်း ၈ ခုကို NUG ရဲ့ မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး ၊ စစ်တပ်ဘက်က လက်နက်ချတဲ့သူ ၆၇ ဦးနဲ့ မိသားစု ၁၁၇ ဦးကို ထိန်းသိမ်းထားတဲ့အပြင် ၊ လက်နက် ပေါင်း ၁၀၀ ကျော်နဲ့ ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ NUG ရဲ့ မန္တလေး PDF က တရားဝင် ထုတ်ပြန်ထားပါတယ်။ - အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် ရဲ့ နေရာမှာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း ဆိုသူကို အစားထိုးခန့်အပ်လိုက်ပြန် တယ်လို့ စစ်တပ်သတင်းရင်းမြစ်ကတဆင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားအသစ်တွေကို လုံး၀ ခွင့်မပေးတော့ဘူးလို့ တပ်သားသစ်တချို့ရဲ့ မိဘ ဆွေမျိုးတွေက ပြောပြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



SHARE TO YOUR FRIENDS


Download Server 1


DOWNLOAD MP4

Download Server 2


DOWNLOAD MP4

Alternative Download :